ကန်ဒေါ်လာ (၁) သိန်းခွဲတန် စီမံကိန်း (၃) ခု မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့

0
361

အမေရိကန် ဒေါ်လာ (၁)သိန်းခွဲတန် စီမံကိန်း (၃) ခုအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ နားလည်မှု စာချွန်လွှာများထဲတွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဇုန်ဒေသရှိ မိုးခေါင်ရေရှားကျေးရွာများ၌ ဆိုလာစွမ်းအင်ဖြင့် ရေပေးဝေရေးစီမံချက်၊ ဌာနဆိုင်ရာ အီလက်ထရောနစ် စာကြည့်တိုက် စီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင်လည်း အသေးစား လေစွမ်းအင်ဖြင့် လျှပ်စစ်မီးပေးရေး စီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန်ဖိုး ခွင့်ပြုပေးပြီး စီမံကိန်းများ အထောက်အကူဖြစ်စေရန် အိန္ဒိယအစိုးရနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၆) ရက်က နေပြည်တော်တွင် မြန်မာနှင့် အိန္ဒိယ အစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ(Quick Impact Projects-QIP” အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ (၃) စောင်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here