ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာအပါအဝင် ပြည်ပနိုင်ငံများမှ အလုပ်သမား (၁၂၉၀၀) ဦး ထပ်မံခေါ်ယူရန် ပြင်ဆင်နေကြောင်း ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း ကိုရီးယားရောက် မြန်မာလုပ်သားအသိုင်းအဝိုင်းထံမှ သိရသည်။
ကိုရီးယားနိုင်ငံမှ အလုပ်ရှင်များအနေဖြင့် နိုင်ငံခြားသား လုပ်သားများ ခေါ်ယူရန် လျှောက်လွှာများကို လာမည့် နိုဝင်ဘာ (၂၀) ရက်မှ နိုဝင်ဘာ (၃၀) ရက်အထိ နီးစပ်ရာ အလုပ်သမားရုံးများတွင် လျှောက်ထားနိုင်ကြောင်း နိုဝင်ဘာ (၆) ရက်က ကိုရီးယားနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသား လုပ်သားများကို ခေါ်ယူမည့် လုပ်ငန်းများတွင် ကုန်ထုတ်လုပ်ငန်းအတွက် (၅၀၀၀) ဦး၊ ရေလုပ်ငန်းအတွက် (၄၀၀) ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် (၃၀၀၀) ဦး၊ ငါးဖမ်းလုပ်ငန်းများအတွက် (၁၀၀၀) ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် (၁၀၀၀) ဦး၊ ပစ္စည်းပို့ဝန်ဆောင်မှုလုပ်ငန်းများအတွက် (၂၅၀၀) ဦး စုစုပေါင်း (၁၂၉၀၀) ဦးဖြ စ်ကြောင်း သိရသည်။
ကုန်ထုတ်လုပ်ငန်းများနှင့် ရေလုပ်ငန်းများအတွက် ဒီဇင်ဘာ (၁၄) ရက်မှ ဒီဇင်ဘာ (၂၀) ရက်အထိနှင့် ကျန်လုပ်ငန်းများကို ဒီဇင်ဘာ (၂၁) ရက်မှ ဒီဇင်ဘာ (၂၆)ရက်အထိ လျှောက် လွှာရလဒ်များ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပလုပ်သား ခေါ်ယူပိုင်ခွင့်ရှိသည့် နိုင်ငံများမှ လုပ်သားများကိုသာ ခေါ်ယူသွားမည်ဖြစ်ပြီး အဆိုပါ နိုင်ငံများတွင် မြန်မာနိုင်ငံမှ လုပ်သားများ ပါဝင်ကြောင်း သိရသည်။