ယူကရိန်းနိုင်ငံသို့ အလည်အပတ်လာရောက်ရန် သမ္မတ ဇလန်းစကီး၏ ဖိတ်ကြားချက်ကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ငြင်းဆန်လိုက်သည်။
“ကျွန်တော် သမ္မတ ဇလန်းစကီးကို လေးစားပါတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ ယူကရိန်းနိုင်ငံကို သွားဖို့ မသင့်တော်ဘူးလို့ထင်မိပါတယ်”ထရမ့်ကပြောသည်။ “လက်ရှိမှာ ဘိုင်ဒင်အစိုးရဟာ ဇလန်းစကီးနဲ့ ဆက်ဆံနေတာကြောင့် ကျွန်တော်သွားလိုက်ရင် အကျိုးစီးပွားဝိရောဓိတွေ ဖြစ်လာနိုင်တာကြောင့်ပါ။ အကျိုးစီးပွားဝိရောဓိ ကျွန်တော် မဖန်တီးချင်ပါဘူး”ဟု လည်း ထရမ့်က ဖြည့်စွက်ပြောကြားသည်။
ဇလန်းစကီးက ထရမ့်အား နိုဝင်ဘာ ၅ ရက်နေ့က အလည်လာရန်ဖိတ်ကြားကြောင်း အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။ ရုရှားနှင့်ဖြစ်နေသော စစ်ပွဲအား ထရမ့်က ၂၄ နာရီအတွင်း ဖြေရှင်းပေးမည်ဟု ဆိုခြင်း မဖြစ်နိုင်သည်ကို ပြသရန်အတွက် ဖိတ်ကြားခြင်းဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။