အိန္ဒိယသည် မြန်မာ၊အမေရိကတို့နှင့်ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမည်ဟုဆို

0
560

အိန္ဒိယသည် အမေရိက၊မြန်မာတို့နှင့် ယခုနှစ်နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယ၏ကာကွယ်ရေးဘက်မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အိန္ဒိယအနေဖြင့် ယခုစစ်ရေးလေ့ကျင့်မှုအား မေဂလေးယားပြည်နယ် ယူမိရီ ရှိ စစ်ဘက်ဆိုင်ရာနယ်မြေ၌ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

မလေးစစ်သားများသည် ပြီးခဲ့သည့်လက အိန္ဒိယစစ်သားများနှင့်ပူးပေါင်းကာ အဆိုပါဒေသ၌ပင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သေးကြောင်းလည်းသိရသည်။

“အိန္ဒိယတပ်မတော်အနေဖြင့် နေရာဒေသအသီးသီး၌ နိုင်ငံပေါင်း ၂၂ နိုင်ငံတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ၃၆ ကြိမ်ပြုလုပ်ရန်ဆွေးနွေးနေသည်” ဟုတာဝန်ရှိသူတစ်ဦးက‌ ပြောကြားခဲ့ပြီး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုမျိုးဖြင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်းလည်းပြောကြားခဲ့သည်။

ယူမိရီရှိ လေ့ကျင့်ရေးနေရာသည် ယခုအချိန်အထိ နိုင်ငံခြောက်နိုင်ငံမှ တပ်ဖွဲ့ဝင်များအား လက်ခံကျင်းပပေးလျက်ရှိသည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ယခုလေ့ကျင့်ရေးပြုလုပ်မည့်နေရာ၌ ယခင်ကလည်း မြန်မာ၊ထိုင်း၊တရုတ်၊ကာဇက်စတန်နှင့်မလေးရှားနိုင်ငံတို့နှင့်စစ်ရေးလေ့ကျင့်မှုများလုပ်ခဲ့သေးသည်ဟုလည်းသိရသည်။

အိန္ဒိယ၏ပြောကြားချက်အရ ဒုတိယအကြိမ်အနေဖြင့်ပြုလုပ်မည့် ယခုပူးတွဲစစ်ရေးလေ့ကျင့်မှု၌ပါဝင်ရန်အတွက် အမေရိကန်စစ်သားများသည် ယခုလအတွင်းအိန္ဒိယသို့ရောက်မည်ဖြစ်ပြီး မြန်မာမှပါဝင်မည့်စစ်သားများအနေဖြင့်လည်း ဒီဇင်ဘာလတွင်အိန္ဒိယသို့ရောက်မည်ဟုသိရသည်။

Source : PTI


LEAVE A REPLY

Please enter your comment!
Please enter your name here