B.Tech ဘွဲ့သင်တန်းများ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအားလုံး နိုဝင်ဘာ (၁၆) ရက် စတင်ကျောင်းအပ်နှံနိုင်ပြီ

0
272

အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့သင်တန်းများ၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအားလုံး နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့သင်တန်းများအားလုံး ကျောင်းအပ်နှံခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၆)ရက်မှ စတင်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့သင်တန်းများအားလုံးနှင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအားလုံးကို နိုဝင်ဘာ (၂၃)ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here