အောင်ပန်း-တောင်ကြီးလမ်းပိုင်းတွင် လူနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ဓါတ်တိုင်ကို တိုက်မိ ဆိုင်ကယ်ပေါ်ပါ နှစ်ဦး ‌ေ-သဆုံး

0
385

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း-တောင်ကြီးလမ်းပိုင်းတွင် လူနှစ်ဦး လိုက်ပါမောင်းနှင်လာသည့် ဆိုင်ကယ်မှ ဓါတ်တိုင်ကို မတော်တဆ ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ နှစ်ဦး ‌ေ-သဆုံးခဲ့ရကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ (၇) ရက်က အောင်ပန်း-တောင်ကြီးလမ်းပိုင်း Happy City အကျော်၊ ပညာရေး(၃) တပ်ဂိတ်ရှေ့ရှိ ဓါတ်တိုင်ကို လူနှစ်ဦး လိုက်ပါမောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးက မတော်တဆဖြစ်ကာ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ ဓါတ်တိုင်ကို ဝင်တိုက်မိခဲ့တာပါ။ ဆိုင်ကယ်မောင်းနှင်လာသူနဲ့ အနောက်က လိုက်ပါလာသူ စုစုပေါင်း နှစ်ဦး အခင်းဖြစ်ပွားရာနေရာမှာပဲ ‌ေ-သဆုံးသွားခဲ့တယ်။”ဟု အသင်းက ဆိုပါတယ်။

ဖြစ်စဉ်ကြောင့် ‌ေ-သဆုံးသူနှစ်ဦး၏ အမည်၊ နေရပ်လိပ်စာကို မသိရှိရသေးဘဲ ရုပ်အလော-င်းများကို အောင်ပန်းဆေးရုံရှိ ရင်ခွဲရုံသို့ နာရေးကူညီမှုအသင်း(အောင်ပန်း)မှ ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here