ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

0
149

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့ကို နိုဝင်ဘာ(၇)ရက်မှ စတင်၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျောက်မြောင်း၊ မနောဟရလမ်း ပထမထပ် အမှတ် (၈)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည့်ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီကို နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့် အညီ မှတ်ပုံတင်အမှတ် (၃၈)ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း နိုဝင်ဘာ (၇) ရက်တွင် UEC က ကြောညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပဲခူတိုင်းဒေသကြီး ပြည်မြို့၊ ဘုရားကြီးအနီး ဆည်မြောင်းတိုးချဲ့ရပ်ကွက်၊ သရဖီလမ်း၊ အိမ်အမှတ် (၂)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီကိုလည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့် အညီ မှတ်ပုံတင်အမှတ် (၃၉) ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ယမန်နေ့က ကြေညာထားခြင်းဖြစ်သည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် ၎င်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံပြန်လည်လျှောက်ထားသည့် ပါတီနှင့် ပါတီသစ် တည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သည့် ပါတီ (၆၀) ကျော်အ နက် ထက်ဝက်ကျော်သာ ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိထားပြီး ပါတီအချို့မှာ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုခံရခြင်း မရှိသေးဘဲရှိနေသေးခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here