အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံး ငွေကြေးအသုံးပြုမှုနှင့်ပတ်သက်၍ ရုရှားနှင့် မြန်မာ ဆွေးနွေး

0
195

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(Ross-Congress Investments Fund) မှ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံငွေကြေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးစဥ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ရုရှား-မြန်မာနှစ်နိုင်ငံအကြား နိုင်ငံသုံးငွေကြေးနှင့် ကုန်စည်များ သို့မဟုတ် ငွေကြေးပုံစံနှစ်မျိုးဖြင့်အသုံးပြုနိုင်သည့် ကုန်စည်များ ချိတ်ဆက်ပြီးငွေကြေးတန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ၊ နှစ်နိုင်ငံအပြန်အလှန်ပူးတွဲအဖွဲ့ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များ ၊အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံး ငွေကြေးအသုံးပြုမှုကို မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးပြုလုပ်သည့် နိုင်ငံများ၏ ကုန်သွယ်မှုပေါ်မူတည်ပြီး ကုန်စည်များအစုအဖွဲ့ပိုမိုတိုးတက် ဒီဂျစ်တယ်ငွေရေးကြေးရေးပိုင်းဆိုင်ရာ ရယူပိုင်ခွင့် Digital Finicial Accept တစ်ခုသတ်မှတ်၍ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်သွားနိုင်ရေးအတွက် နှစ်ဖက်ပူးတွဲလုပ်ငန်းအဖွဲ့မှ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံ ဗဟိုဘဏ်တို့၏ ဦးဆောင်မှုဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံဘက်မှရွေးချယ်ထားသည့် FBB Bank နှင့် ဗဟိုဘဏ်ဘက်မှရွေးချယ်မည့် နိုင်ငံပိုင်ပုဂ္ဂလိဘဏ်များမှ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ငွေပေးချေမှုရပ်ဝန်း ပိုမိုကျယ်ပြန့်စေရေးအတွက် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူးပီး- ကျပ် တိုက်ရိုက်ပေးချေနိုင်ရေး ဆောင်ရွက်ထားပြီး ယခုအခါ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေးချေနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး မြန်မာ-ရုရှား တိုက်ရိုက်ငွေပေးချေမှုကို ပြည်တွင်းရှိ မည်သည့်ဘဏ်မှမဆို ဆောင်ရွက်နိုင်‌ရေး စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here