အင်းစိန်တွင် ကျောင်းကားနှင့် ဆိုင်ကယ်တို့ တိုက်မိ၊ ဆိုင်ကယ်စီးလာသူ (၂)ဦး ဒဏ်ရာရ 

0
193

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ‌ ရွာမမှတ်တိုင်နှင့် ဆရာတော်ကြီး မှတ်တိုင်ကြားတွင် ကျောင်းကားနှင့် ဆိုင်ကယ်တို့ တိုက်မိခဲ့ရာ ဆိုင်ကယ်စီးလာသူ (၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်)ရခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။ 

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမ ရွာမမှတ်တိုင်နှင့် ဆရာတော်ကြီး မှတ်တိုင်ကြားတွင် 

ယနေ့ နိုဝင်ဘာ (၈)ရက် နံနက်ပိုင်းက ကျောင်းကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့တွဲလက်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ ကျောင်းကား ယာဉ်မတော်တဆ ဖြစ်ပွားကြောင်း ဆေးရုံပို့ဆောင်ပေးဖို့ လူနာတင်ယာဉ်အကူညီ လိုအပ်နေတယ်ဆိုပြီး တာဝန်သိပြည်သူတွေ ဖုန်းဆက်အကူညီတောင်းခံလာလို့ လမ်းကြောင်း (၁)အဖြစ် ကူညီခဲ့ရတယ်။ မြေပြင် ရှေးဦးပြုစုပေးခဲ့တယ်။ ဆေးရုံပို့ပေးခဲ့ပါတယ်”ဟု  အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါ ဖြစ်စဉ်အရ ဆိုင်ကယ်မောင်းနှင်သူ တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပွှန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့သည့်အတွက် မြေပြင်ရှေးဦးပြုစုကာ အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here