သီတင်းကျွတ် ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား (၇၆၀၀) ကျော်ဝင်ရောက်ခဲ့

0
311

ခရီးသွားရာသီ အစဖြစ်သည့် သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၇၆၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲမှ သိရသည်။

အဆိုပါ ငွေဆောင်ကမ်းခြေသို့ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား (၃၇,၆၃၉) ဦးဝင်ရောက်ခဲ့သည့်အနက် သီတင်းကျွတ်ပွဲတော် ကာလ (၃)ရက်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား (၇,၆၉၆) ဦးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ငွေဆောင်ရုံးခွဲ တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

၂၀၂၃ ခုနှစ်၏ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၃ သိန်း ၂ သောင်းကျော်ဝင်ရောက်ခဲ့ပြီး အလားတူကာလတွင် ၂ သိန်းကျော်သာဝင်ရောက်ခဲ့သည့်အတွက် တစ်သိန်းကျော်တိုးလာကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းသို့သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here