ကုန်သည်စက်မှုအသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်သည် ၂၀၂၃ခုနှစ် ၊ နိုဝင်ဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ Hangzhou မြို့တော်၊ Wyndham Shaoxing Keqiao Hotel တွင်ကျင်းပသည့် “6th Belt and Road Textile Conference 2023” သို့ တက်ရောက်ခဲ့ပြီး ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပွဲတွင် အထည်ချုပ်လုပ်ငန်းများအတွက် ဈေးကွက်တိုးချဲ့နိုင်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် နည်းပညာအကူအညီ ရရှိရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်း Conference တွင် ASEAN Federation of Textile Industries (AFTEX) နှင့် China National Textile and Apparel Council တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး စာချွန်လွှာအရ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေရေး၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး၊ အသင်းဝင်များ၏ စီးပွားရေးအကျိုးစီးပွားအတွက် အကူအညီ၊ အထောက်အပံ့များပေးနိုင်ရေး၊ ကုန်စည်ပြပွဲများတွင် ပါဝင်နိုင်ရေးတို့ကို နှစ်ဖက်အဖွဲ့အစည်းအကြား ပေါင်းစည်းဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ASEAN Federation of Textile Industries (AFTEX)တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“6th Belt and Road Textile Conference 2023” တွင် ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်မြှင့်တင်ရန် အထည်ချုပ်လုပ်မှုဆိုင်ရာ အဆင့်မြင့် နည်းပညာ ပံ့ပိုးပေးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


