ပြည်မြို့တွင် ရေစဉ့်အိုးထဲ ကလေးငယ်တစ်ဦး ပြုတ်ကျမှုဖြစ်ပွား စိုးရိမ်ရသည့် အခြေနေကြောင့် စောင့်ကြည့်နေရ

0
171

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ – နဝဒေးကားကြီးကွင်းအနောက် သရဖီလမ်းရှိ နေအိမ်တစ်အိမ်တွင် ရေစဉ့်အိုးထဲ အသက် (၁)နှစ်ခွဲခန့် ကလေးငယ်တစ်ဦး ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ပြည်မြို့၊ နဝဒေးကားကြီးကွင်းအနောက်က သရဖီလမ်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ (၈)ရက် နံနက် (၁၁) နာရီခွဲအချိန်ခန့်က ရေစဉ့်အိုးထဲ ကလေးငယ် တစ်ဦး ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း လက်ရှိတွင် ကလေးငယ်ကို စောင့်ကြည့်နေရဆဲအခြေနေဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အချိန်မှီ သွားရောက်ခဲ့တာ ဆေးရုံပို့တဲ့ လမ်းမှာ ကလေးက သတိတော့ရတယ်။ မျက်လုံးတွေ ဘာတွေ ဖွင့်ကြည့်တယ်ပေါ့။ မျော့မျော့လေးပဲ စိုးရိမ်ရတဲ့ အခြေနေ စောင့်ကြည့်နေရဆဲလို့ သိရတယ်။”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ တာဝန်ရှိသူက ပြောသည်။

ဖြစ်စဉ်အရ ရေစဉ့်အိုးထဲပြုတ်ကျခဲ့သည့် ကလေးငယ်မှာ ရေမွန်းပြီး သတိလစ်သွားသောကြောင့် အရေးပေါ် ဆေးကုသမှုခံယူရန်အတွက် ပြည်မြို့ ဆေးရုံကြီးရှိ အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ အချိန်မှီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here