မန္တလေးတွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို ကားဖြင့် တိုက်မိကာ သေဆုံး ၊ ဝင်တိုက်သည့်ကားမှာ မောင်းပြေးသွား

0
137

မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၄၁) လမ်း၊ (၈၆) လမ်းနှင့် (၈၇) လမ်းကြားတွင် ကားတစ်စီးမှ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို ကားဖြင့်တိုက်မိကာ ထွက်ပြေးသွားပြီး အတိုက်ခံရသူ အမျိုးသားမှာ သေဆုံးသွားခဲ့ရကြောင်း မဏီစလလူမှုကူညီရေး အသင်း (မန္တလေး)မှ သိရသည်။

ယနေ့ နိုဝင်ဘာ (၈)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်နေရာသို့ မဏီစလလူမှုကူညီရေး အသင်းမှ သွားရောက်ကူညီရာ ကားမှာ မောင်းပြေးသွားခဲ့ကြောင်းနှင့် အတိုက်ခံရသူမှာ သေဆုံးခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းမှာ လမ်းလျှောက်လာတဲ့ အမျိုးသား တစ်ဦးကို ကားတစ်စီးက တိုက်ပြီး ထွက်ပြေးသွားခဲ့တာ ခေါင်းကို အဓိက ထိခိုက်မိသွားတယ်လို့ သိရတယ်။ ကားတိုက်ခံရတဲ့ လူငယ်အမျိုးသား သေဆုံးခဲ့ရတယ်”ဟု မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)က ပြောဆိုထားသည်။

အဆိုပါ ကားတိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူ အမျိုးသားမှာ အသက် (၂၀) ဝန်းကျင်သာရှိသေးပြီး ရုပ်အလောင်းကို မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)က မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here