ပြည်မြို့တွင် ဧရာဝတီမြစ်အတွင်း အမျိုးသား (၁)ဦး ရေန-စ်‌ေ-သဆုံး ရုပ်အလေ-ာင်းအား ဆက်လက်ရှာဖွေလျက်ရှိ

0
193

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့၊ ကမ်းနားလမ်း ပန်းခြံအနီးရှိ ဘောတံတား (ဧရာဝတီမြစ်အတွင်း)၌ အမျိုးသား (၃) ဦး ရေဆင်းကူးရာမှ (၁)ဦး ရေန-စ်‌ေ-သဆုံးမှုဖြစ်ပွားသဖြင့် ရုပ်အလေ-ာင်းအား ဆက်လက် ရှာဖွေလျက်ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ယနေ့ နိုဝင်ဘာ (၈)ရက်၊ နေ့လည် (၁) နာရီ အချိန်ခန့်က အသက် (၃၅) နှစ် ဝန်းကျင် အမျိုးသား (၃) ဦး ရေဆင်းကူးရာမှ (၁)ဦးမှာ ရေန-စ် ‌ေ-သဆုံးသွားခြင်းဖြစ်သည်။

“တစ်နာရီခွဲလောက်က သတင်းရတာ ဘောတံတားကရေကျနေတာ အသက် (၃၅)နှစ် ဝန်းကျင် အမျိုးသား (၃) ဦး နည်းနည်းသောက်သောက်စားစားလုပ်နေတာနဲ့ တူပါတယ်။ ခုထိတော့ ရှာတုန်းပဲ မတွေ့သေးဘူး။ (၃) ယောက်မှာ (၁) ယောက် ရေန-စ်သွားတာ ရှာမတွေ့သေးဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (ပြည်ခရိုင်)၊ မြို့ခံပရဟိတအဖွဲ့များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)တို့ ပူးပေါင်း၍ ‌ေ-သဆုံးသူရုပ်အလေ-ာင်းအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here