အရေးပေါ်ကာလုံ ခေါ်

0
2785

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၃)ဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့များက ချင်းရွှေဟော်၊ ကြူကုတ်နှင့် ဖေါင်းဆိုင် မြို့ (၃) မြို့ကိုထိန်းချုပ်ထားပြီး နယ်မြေလုံခြုံရေးစခန်း အချို့ကိုလည်း တိုက်ခိုက် ထားခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ယနေ့ နိုဝင်ဘာ (၈) ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ရှမ်းပြည်မြောက်ပိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိထိရောက်ရောက် တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်မြေဒေသများသ ည် တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်အနီးတွင်နေသည့်အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေရပြီး လက်ရှိတွင် ပြန်လည်ထိန်းချုပ်နိုင်မည့်အခြေအနေတွင်ရှိနေကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင်ပြည် သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ယခုကဲ့သို့ အရေးကြီးသည့်အချိန်တွင်တပ်မတော် အား တစ်နိုင်ငံလုံးက ထောက်ခံအကူအညီပေးကြရန် လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် အသက်စွန့်တာဝန်
ထမ်းဆောင် ကာကွယ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ
တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်းကို ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သည့် ကာလုံအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ နိုင်ငံ ခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ၊ နစက အတွင်းရေးမှူး ဒုတိ ယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here