CMP လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့

0
267

CMP လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လှိုင်သာယာ၊ ရွှေပြည်သာ၊ သာဓုကန်၊ မင်္ဂလာဒုံစက်မှုဇုန်များရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က လှိုင်သာယာစက်မှုဇုန်တွင် လက်ရှိ CMP လုပ်ငန်းအခြေအနေ၊ လုပ်သားအင်အား၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေမှု ၊ Made in Myanmar စျေးကွက်မြှင့်တင်မှု၊ ချုပ်ထည်အမှာစာရရှိမှု၊ အထည်ချုပ်အသင်းမှ ဆောင်ရွက်လျက်ရှိသည့် VLCA (မိမိသဘောဆန္ဒအလျောက် အလုပ်သမားဥပဒေလေးစားလိုက်နာမှုအကဲဖြတ်ခြင်း)ကို အသင်းဝင်စက်ရုံများမှ လိုက်နာ ဆောင်ရွက်နေမှု၊ နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် CMP ကုန်ကြမ်းများ စက်ရုံ၊ အလုပ်ရုံများသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိရေးကို ကူညီဆောင်ရွက်ပေးရန်တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ပြချက်များကို ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ(၈)ရက်နေ့တွင် လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ ဝါးတရာ၊ သာဓုကန်၊ မင်္ဂလာဒုံ စက်မှုဇုန်များသို့ သွားရောက်၍ စက်မှုဇုန်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ CMP လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်အဆင်ပြေချောမွေ့စေမှုအတွက် စက်ရုံများရှိ မြေပြင် အခြေအနေများကို လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း၊ထို့နောက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထားသည့် အလုပ်သမားဦးရေ (၂)ထောင် အထက် လုပ်ကိုင်နေသည့် ရွှေလင်ဗန်း၊ သာဓုကန်၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ(၁)ရုံ၊ ဖိနပ်ချုပ်စက်ရုံ(၁)ရုံ ၊ မျက်ကပ်မှန် စက်ရုံ(၁)ရုံ တို့ကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here