ASEAN Week 2023 အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

0
181

အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre) မှ ကြီးမှူးကျင်းပသည့် ASEAN Week 2023 သို့ ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က နိုဝင်ဘာ (၈)ရက်တွင် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့မှ အမျိုးသားအထိမ်းအမှတ် လက်မှုအနုပညာများကို ကိုရီးယားပြည်သူများ သိရှိနိုင်လေ့လာနိုင်စေရန် Cultural Exhibition အဖြစ် ခင်းကျင်း ပြသနိုင်စေရန်အတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း အခမ်းအနားတွင် ASEAN-Korea Centre ၏ အတွင်းရေးမှူးချုပ် H.E. Hae-yong Kim က ပြောဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာလက်မှုအနုပညာများကို အများပြည်သူများ သိရှိလေ့လာနိုင်စေရန် အဆိုပါ ASEAN Week 2023 ပြပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၈) ရက်မှ (၁၁) ရက်အထိ ကိုရီးယားနိုင်ငံ၏ COEX Convention Center တွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်

မြန်မာနိုင်ငံ၏ အမျိုးသား လက်မှုပညာရပ်ဖြစ်သည့် ယွန်းထည်ပစ္စည်းများကို ပြပွဲအခမ်းအနားတွင် ခင်းကျင်းပြသနိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here