ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ ဗီဇာကြေး ဘတ် (၅၀၀) သာ ပေးသွင်းရမည်

0
250

ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ ဗီဇာကြေး ဘတ် (၅၀၀)သာ ပေးသွင်းရတော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်သမားစနစ်ကို အားပေးသည့် အနေဖြင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများအတွက် ဗီဇာကြေးကို တစ်ကြိမ်လျှင် ဘတ် (၅၀၀) နှုန်းထားဖြင့် နိုဝင်ဘာ (၁၁) ရက်မှ စတင်သတ်မှတ်ပေးခြင်းဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ပြောဆိုထားသည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များအတွက် ရွှေ့ပြောင်းအလုပ်သမားခန့်ထားရေးကို အထောက်အကူ ဖြစ်စေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ဥပဒေမှာ (၄) နှစ်ကြာ သက်တမ်းရှိပြီး ထိုင်းသို့ (၂) နိုင်ငံ သဘောတူညီမှုနှင့် လာရောက်သည့် လုပ်သားများ၊ စာချုပ်ဖြင့် တရားဝင် အလုပ်လာလုပ်သည့် လုပ်သားများအတွက် အကျုံးဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ တရားဝင် အလုပ်လုပ်ကြရန်နှင့် တရားမဝင် အလုပ်လာလုပ်ကြသည့် ပြဿနာကို ဖြေရှင်းရန် ဖြေလျော့ပေးခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းအစိုးရ၏ လမ်းစဉ်အတိုင်း ကိုဗစ် ၁၉ အလွန် နိုင်ငံ့ စီးပွားရေးတိုးတက်ရန် ဗီဇာကြေးများ လျှော့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ စာရင်းအရ နိုင်ငံခြားသား အလုပ်သမား ၂,၅၉၃,၄၃၉ ဦး ရှိပြီး အလုပ်ပါမစ်ရရှိရန် လျှောက်ထားသည့် အလုပ်သမား ၁ သန်းဝန်းကျင်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here