အုပ်စုတက်ရန်အခွင့်အရေးနည်းသော်လည်း နိုင်ငံအတွက်၊ ကလပ်အသင်းအတွက် ကိုယ်စားပြုကစားနေရသောကြောင့် အနိုင်ရဖို့ကြိုးစားသွားမည်ဟု ရှမ်းနည်းပြပြော

0
302

မြန်မာနေရှင်နယ်လိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုတက်ရန်အခွင့်အရေးနည်းသော်လည်း နိုင်ငံအတွက်၊ ကလပ်အသင်းအတွက် ကိုယ်စားပြုကစားနေရသောကြောင့် အနိုင်ရဖို့ကြိုးစားသွားမည်ဟု ရှမ်းယူနိုက်တက်နည်းပြ ဦးဟန်ဝင်းအောင်ကပြောသည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ဒိုင်းနမစ်ဟတ်ဆီဘူးအသင်းတို့သည် AFC Cup အုပ်စုပွဲစဉ် ဒုတိယအကျော့အဖြစ် ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် သုဝဏ္ဏအားကစားကွင်း၌ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

“အုပ်စုပွဲစဥ် ၃ ပွဲ ပြီးဆုံးချိန်မှာ သွင်းဂိုးမရသေးတာကိုပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းပြည်တွင်းပွဲတွေမှာ ရလဒ်ကောင်းပြီး AFC Cup မှာ ရလဒ်ဆိုးနေတဲ့ အကြောင်းအရင်းက ပြိုင်ဘက်အသင်း ခြေစွမ်းကွာဟမှုကြောင့်ဖြစ်ပါတယ်။ AFC Cup ပြိုင်ဘက်အသင်းတွေမှာ နိုင်ငံခြားသားကစားသမားတွေအများအပြားပါဝင်ပြီး သူတို့ရဲ့ခြေစွမ်းက တကယ်ကိုကောင်းမွန်ပါတယ်၊ ဒါကပွဲတစ်ပွဲကို ကွာခြားစေပါတယ်” ဟု ရှမ်းယူနိုက်တက်နည်းပြ ဦးဟန်ဝင်းအောင်က ကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စုပွဲစဉ် ပထမအကျော့အဖြစ် ၃ ပွဲကစားအပြီးတွင် ရမှတ်နှင့် ရဂိုး မရှိသေးပဲ AFC Cup ကစားတိုင်း ရလဒ်ဆိုးသည့် မှတ်တမ်းဆိုးကို ဆက်လက်ခံစားနေရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here