ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ လူဦးရေ ၁၀၀၀ ကျော် ဝင်ခွင့်ရ

0
431

ရန်ကုန် ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်း ပညာရေးတက္ကသိုလ်သို့ ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော် ဝင်ခွင့်ရရှိထားကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ လျှောက်ထားခဲ့သည့် တက္ကသိုလ်ဝင်ခွင့်များထဲမှ ပညာရေးတက္ကသိုလ်ဝင်ခွင့်ရသူ စာရင်းများကို နိုဝင်ဘာလ (၇) ရက်တွင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ (၅၁၁) ဦး၊ စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ (၅၆၄) ဦး ဝင်ခွင့်ရရှိထားကြောင်း သိရသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်၏ ဝိဇ္ဇာဘာသာတွဲ၌ (၁၅၉) ဦး၊ သိပ္ပံဘာသာတွဲ၌ (၂၀၀) ဦး၊ ဝိပ္ပံဘာသာတွဲ၌ (၁၅၂) ဦး ဝင်ခွင့်ရရှိခဲ့ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ်အတွက် ဝိဇ္ဇာဘာသာတွဲ၌ (၁၅၄) ဦး၊ သိပ္ပံဘာသာ တွဲအတွက် (၂၆၀) ဦး၊ ဝိပ္ပံဘာသာတွဲအတွက် (၁၅၀) ဦးတို့မှ ဝင်ခွင့်ရရှိထားခြင်းဖြစ် သည်။

နိုဝင်ဘာလ (၇) ရက်တွင် တက္ကသိုလ်ဝင်ခွင့်ရ စာရင်းများအသီးသီးထုတ်ပြန်ထားခဲ့ပြီး တက္ကသိုလ်အားလုံး၏ ပထမနှစ်မှ မဟာတန်းအထိ နေ့သင်တန်းများကို နိုဝင်ဘာ (၁၆) ရက်နေ့တွင် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး နိုဝင်ဘာ (၂၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။

Photo Credit – yuoe


LEAVE A REPLY

Please enter your comment!
Please enter your name here