သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့်ရသူ ၉၀၀၀ ကျော်ရှိ

0
180

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏အောက်ရှိ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် B.Tech ပထမနှစ်ဝင်ခွင့်ရသူများအပါအဝင် ၉၀၀၀ ကျော်ဝင်ခွင့်ရရှိထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်ဝင်ခွင့်ရသူများ စာရင်းကို နိုဝင်ဘာ (၇) ရက်တွင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ဝက်ဆိုဒ်များတွင် အသိပေးကြေညာထားပြီးဖြစ်သည်။

B.Tech ပထမနှစ်ဝင်ခွင့်ရသူဦးရေသည် (၂၂၀) ရှိပြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ဝင်ခွင့်ရသူဦးရေ (၃၂ ၃) ဦး၊ နည်းပညာတက္ကသိုလ်ဝင်ခွင့်ရသူဦးရေ (၃၀၉၆) ဦးရှိကြောင်း သိရသည်။

ထို့ပြင် ကွန်ပျူတာက္ကသိုလ် ဝင်ခွင့်ရသူဦးရေသည် (၅၇၁၆) ဦးရှိပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ဝင်ခွင့်ရသူဦးရေ (၃၅) ဦးရှိကြောင်း သိရသည်။

နိုဝင်ဘာလ (၇) ရက်တွင် တက္ကသိုလ်ဝင်ခွင့်ရစာရင်းများအသီးသီးထုတ်ပြန်ထားခဲ့ပြီး တက္ကသိုလ်အားလုံး၏ ပထမနှစ်မှ မဟာတန်းအထိ နေ့သင်တန်းများကို နိုဝင်ဘာ (၁၆) ရက်တွင် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး နိုဝင်ဘာ (၂၃) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီးကြောင်း ကြေညာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here