စားအုန်းဆီကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူထားပြီး ဈေးကွက်အတွင်း ဈေးတင်ရောင်းချခြင်း မပြုလုပ်ရန်သတိပေး

0
171

စားသုံးဆီများကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူထားပြီး ဈေးကွက်အတွင်း ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်စားသုံးဆီ ဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့မှ ထပ်မံသတိပေးထုတ်ပြန်ထားသည်။

စားသုံးဆီတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများမှတဆင့် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် အသားတင်အမြတ် ၂ ရာခိုင်နှုန်းနှင့် အထွေထွေကုန်ကျစရိတ်ပေါင်း၍ ရောင်းချရန် အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။

ရည်ညွှန်းဈေးဖြင့် ဝယ်ယူထားသော်လည်း မရိုးသားသော ရည်ရွယ်ချက်ဖြင့် သယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ၊ စားအုန်းဆီများအား အနံ့ထည့်သွင်းပြီး ရောဆီ၊ စပ်ဆီအဖြစ် ဈေးတင်ရောင်းချခြင်းစသည့် လုပ်ငန်းများအားဆောင်ရွက်ခြင်းလုံးဝမပြုလုပ်ကြရန် ထပ်မံအသိပေး ကြေညာထားသည်။

နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၂) ရက်အထိ စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ၄၅၆၀ ဖြစ်ကြောင်းစားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here