AFC Cup တွင် သွင်းဂိုးနှင့် ရမှတ်စတင်ရရှိပြီဖြစ်သည့် ရှမ်းယူနိုက်တက်

0
134

မြန်မာနေရှင်နယ်လိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် AFC Cup တွင်သွင်းဂိုးနှင့် ရမှတ်စတင်ရရှိပြီဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်နှင့် ဖိလစ်ပိုင်ကလပ် ဒိုင်းနမစ်ဟတ်ဆီဘူးအသင်းတို့သည် ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်က သု၀ဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် ၁ ဂိုး စီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စုပွဲစဉ်အဖြစ် ၄ ပွဲကစားအပြီးတွင် ရမှတ် ၁ မှတ်နှင့် သွင်းဂိုး ၁ ဂိုးသာ ရရှိထားပြီး နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်ချက် နည်းပါးလျက်ရှိသည်။

မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် AFC Cup တွင် ဖိလစ်ပိုင်ကလပ် Dynamic Herb Cebu FC၊ ဩစတြေးလျကလပ် Macarthur FC၊ ကမ္ဘောဒီးယားကလပ် Phnom Penh Crown FCတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီးအိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး လက်ကျန် ၂ ပွဲ ကစားရန်ကျန်သေးကြောင်း သိရသည်။

Photo – AFC Cup


LEAVE A REPLY

Please enter your comment!
Please enter your name here