ပြည်သူများထံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် UNOCHA တို့ တွေ့ဆုံဆွေးနွေး

0
220

ပြည်သူများထံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုဝင်ဘာ (၉) ရက်၊ နံနက် (၁၁)နာရီတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ အကြား ပြည်သူများထံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရေး လိုအပ်နေသည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ UNOCHA ရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here