မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးပေါ်တွင် အိမ်စီးကားမှ ခရီးသည်တင် ကားတစ်စီးကို အနောက်မှ မတော်တဆ ဝင်ရောက်တိုက်မိမှုဖြစ်ပွား

0
156

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ယန်းကျွန်းကြီးရပ်ကွက်၊ ကာယသုခ(၁၂)လမ်းထိပ်၊ အမှတ်(၃)လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ သင်္ယန်းကျွန်းကြီးရပ်ကွက်၊ အမှတ်(၃)လမ်းမကြီးပေါ်တွင် နိုဝင်ဘာ (၁၀) နံနက် (၂)နာရီ (၁၅)မိနစ်အချိန်ခန့်က ယာဉ်မတော်တဆဖြစ်ပွားကြောင်း သတင်းအရ တက်နေထွန်းလူမှုကယ်ဆယ်ရေး အသင်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အိမ်စီးကားမှ ခရီးသည်တင် ကားတစ်စီးကို အနောက်မှ မတော်တဆ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်စီးကား မောင်းလာသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားအက်စီးဒင့်ဖြစ်တာ တာဝန်သိသူက ဖုန်းဆက်အကူအညီတောင်းခံလို့ လူနာကို ကျွန်တော်တို့ တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်း (TNT RESCUE TEAM)က လိုအပ်သည်များပြုစုပြီး မြောက်ဥက္ကလာပဆေးရုံကြီး အရေးပေါ်ဌာနသို့ အခမဲ့ကူညီပို့ဆောင်ပေးခဲ့တာပါ။”ဟု အသင်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ လူနာအား လိုအပ်သည်များပြုစု၍ တက်နေထွန်းလူမှုကယ်ဆယ်ရေး အသင်း လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီး အရေးပေါ်ဌာနသို့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here