ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည် စီစစ်လက်ခံရေး နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် UNHCR တို့ တွေ့ဆုံဆွေးနွေး

0
162

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည် စီစစ်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုဝင်ဘာ (၉) ရက်၊ နံနက် (၁၀) နာရီက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည် စီစစ်လက်ခံရေးလုပ်ငန်းစဉ် အပါဝင် UNHCR နှင့် မြန်မာနိုင်ငံတို့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ဘန်ကောက်မြို့အခြေစိုက် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ နယူးယောက်မြို့အခြေစိုက် UNHCR ဆက်ဆံရေးရုံး၏ ညွှန်ကြားရေးမှူး၊ ဘန်ကောက်မြို့အခြေစိုက် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၏ အကြီးတန်းနိုင်ငံရေးရာ အရာရှိ၊ ရန်ကုန်မြို့အခြေစိုက် UNHCR ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် ပြင်ပ ဆက်ဆံရေးအရာရှိတို့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here