မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ – ထိုင်းနယ်စပ် မှတဆင့်ကုန်သွယ်​နေ​သောလုပ်ငန်းများ ကြန့်ကြာမှု မရှိစေရန် ​ဆွေး​နွေး

0
181

နယ်စပ်ဂိတ်များမှတဆင့် ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့  အဆင်ပြေချောမွေ့စွာ ရောက်ရှိရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများမှ ဦးဆောင်၍ CMP လုပ်ငန်းရှင်များနှင့် နိုဝင်ဘာလ (၉) ရက်တွင် အကောက်ခွန်ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အစည်းအဝေးတွင် CMP လုပ်ငန်းရှင်များမှ  နယ်စပ်ဂိတ်များမှတဆင့် တင်သွင်းလာသည့် ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိရေး၊ နယ်စပ်တွင် ကြန့်ကြာနေသော ကုန်စည်များ၏ အခြေအနေများ၊ သယ်ယူပို့ဆောင်မှုလုပ်ငန်းစဉ်များ ၊ သွင်းကုန်လိုင်စင် ကိစ္စရပ်များကို တင်ပြခဲ့ပြီး အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် CMP လုပ်ငန်းရှင်များ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လတ်တလောတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ ကုန်စည်တင်ပို့၊ တင်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ကုန်သွယ်မှု လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန် မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ – ထိုင်းနယ်စပ်ရှိ အခြား မည်သည့် ကုန်သွယ်ရေးစခန်းမှမဆို ပြောင်းလဲတင်ပို့ခွင့် ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားပြီး ဖြစ်သည်။

ထို့အပြင် ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ကဏ္ဍအလိုက် စီစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here