ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ခရီးသည်တင် Express ယာဉ်နှင့် Alphard ယာဉ်တိုက်မိပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

0
178

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/ ၄) နှင့် (၄၅/၅)ကြားတွင် ခရီးသည်တင် Express ယာဉ်နှင့် Alphard ယာဉ်တို့ တိုက်မိပြီး Alphard ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ နိုဝင်ဘာ (၁၀)ရက် နံနက် (၇) နာရီခွဲအချိန်ခန့်က နေပြည်တော်ဘက်မှ မောင်းနှင်လာသော YUTONG အမျိုးအစား (ရန်ကုန် – တာချီလိတ် Express) ယာဉ်မှာ ရန်ကုန်ဘက်မှ မောင်းနှင်လာသော TOYOTA Alphard အမျိုးအစား (အဖြူရောင်)ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိကာ တံတားဘောင်အား တိုက်မိရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် Alphard ယာဉ်ပေါ်ပါ မ (၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်‌ပေးခဲ့ပြီး Express ယာဉ်ပေါ်တွင် လိုက်ပါလာ ခရီးသည် ကျား (၁၄)ဦး ၊ မ (၁၅)ဦး စုစုပေါင်း (၂၉)ဦးတွင် ထိခိုက်ဒ ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here