ကန်သမ္မတနှင့်တရုတ်သမ္မတတို့ လာမည့်အပတ်၌တွေ့ဆုံမည်

0
210

ဝါရှင်တန်၊နိုဝင်ဘာ ၁၀

တရုတ်နှင့်အမေရိကကြားရှိ မပြေလည်မှုများဖြစ်ကြသော ကုန်သွယ်ရေး၊ထိုင်ဝမ်အရေးနှင့် အခြားပဋိပက္ခများစွာအတွက် မျက်နှာချင်းဆိုင်ဆွေးနွေးရန် အမေရိကန်သမ္မတနှင့်တရုတ်သမ္မတတို့သည် လာမည့်အပတ်၌ ကလီဖိုးနီးယား၌တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတဘိုင်ဒင်အစိုးရကထုတ်ပြန်ကြေငြာခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ဆန်ဖရန်စစ္စကိုပင်လယ်အော်၌တွေ့ဆုံကြမည်ဟုပြောကြားခဲ့သော်လည်း လုံခြုံရေးစိုးရိမ်ရမှုများကြောင့် အသေးစိတ်အချက်အလက်များကို ပြောကြားရန်ငြင်းဆိုခဲ့သည်။

မူလကတည်းကရှုပ်ထွေးနေသည့် တရုတ် – အမေရိကဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ်များအတွင်းက အမေရိကန်၏အဆင့်မြင့်နည်းပညာတင်ပို့မှုများအပေါ် တရုတ်ဘက်မှ အခွန်စည်းကျပ်မှုတိုးမြှင့်လိုက်ခြင်းနှင့် တရုတ်ထောက်လှမ်းရေးမီးပုံပျံအား အမေရိကန်မှပစ်ချလိုက်ခြင်းများကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။

အဆိုပါအခြေအနေများနှင့် ထိုင်ဝမ်အရေး၊ကုန်သွယ်မှုနှင့် အရှေ့အလယ်ပိုင်းရေးရာများအပါအဝင် နှစ်နိုင်ငံမပြေလည်မှုများကိုဆွေးနွေးရန် နှစ်နိုင်ငံသမ္မတများတွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

Source : အေပီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here