ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်း၊ ရေချမ်းအိုးနတ်စင်ကွေ့တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက် ယာဉ်မောင်း အမျိုးသား ထိခိုက်ဒဏ်ရာရ

0
188

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်း၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးနတ်စင်ကွေ့တွင် အိမ်စီးကား တစ်စီး အရှိန်လွန်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ (၁၀)ရက် ည(၁၀)နာရီဝန်းကျင်က အမျိုးသား တစ်ဦးမောင်းနှင်လာသော အိမ်စီးကားမှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးနတ်စင်ကွေ့အရောက် အရှိန်လွန် တိမ်းမှောက်မှုဖြစ်ကြောင်း အသင်းသို့ တာဝန်သိသူများမှ ဆက်သွယ်အကူအညီတောင်းခံလာသောကြောင့် သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသား (၁)ဦး အား အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီး OPD သို့ အချိန်မှီ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here