ရန်ကုန်တိုင်း မြို့နယ် (၄) မြို့နယ်တွင် ယနေ့ နေ့လယ်ပိုင်းအချိန် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC မှ အသိပေးထုတ်ပြန်

0
234

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄) မြို့နယ်တွင် ယနေ့ နိုဝင်ဘာ (၁၁)ရက် နေ့လယ်ပိုင်းအချိန်တွင် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ုကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံတွင် 230kV သန်လျင်-သာကေတလိုင်း၏ Bus D/S နှင့် 230kV Main Bus D/S ကြားရှိ B-Phase နှင့် 230kV လှော်ကားလိုင်း Bus အဝင် (R&Y) Phase D/S ထိပ်များ၌ ACSR ကြိုးလွန်းများပြတ်နေခြင်းအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုသို့ လုပ်ဆောင်ရာ၌ 230kV Bus Shut Down အား နိုဝင်ဘာ(၁၁) ရက်၊ နေ့လည် (၁၂)နာရီ မှ (၂)နာရီအချိန်အထိ ဓာတ်အားပိတ်မည်ဖြစ်သဖြင့် သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း (YESC) မှ ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here