ရန်ကုန်တွင် စက်သုံးဆီအချို့ဝယ်မရသည့်အခက်အခဲများရှိနေ

0
244

ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဓာတ်ဆီဝယ်မရသည့်အခက်အခဲများရှိနေကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

“အခုဆိုရင် စက်သုံးဆီက ဆိုင်တိုင်းဝယ်လို့မရဘူး။ စက်သုံးဆီတွေက ဆိုင်မှာကိုပြတ်နေတာ။ တော်တော်လိုက်ရှာထည့်ရတယ်။ ဒါမျိုးက မှောင်ခိုဈေးကွက်ကိုဖြစ်စေနိုင်တယ်”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

လက်ရှိတွင် အသင်းအနေဖြင့် စက်သုံးဆီဈေးနှုန်းကို တစ်ပါတ်လျှင်တစ်ကြိမ်သာထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယခုတစ်ပါတ်အတွက် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ Octane 95 ဆီ မရကြသည့်သူများနေသဖြင့် ယနေ့ နံနက် ရနိုင်သည့် ဆိုင်များကို မြို့နယ်အလိုက် မှတ်ချက်များပေး၍ ‌မျှဝေပေးရန် လေးစားစွာဖိတ်ခေါ်ပါသည်။

ပုံစာ

95 ကိုသာ​ကေတအဝိုင်းနားကဆိုင်တွင်ရ​နေပုံ ဖြစ်ပါသည်။
သီရိမင်္ဂလာစျေးဘေးက Max တွင်လည်း ယ​နေ့နံနက် 95 ရ​နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here