လယ်ယာမြေများအား ဝယ်ယူထားပြီး အမှန်တကယ်မစိုက်ပျိုးခြင်း၊ စနစ်တကျ မစိုက်ပျိုးခြင်းများကို ဥပဒေနှင့် အညီ အရေးယူရန်လိုအပ်ဟုဆို

0
673

လယ်ယာမြေများအား ဝယ်ယူထားပြီး အမှန်တကယ် စိုက်ပျိုးမှု မရှိခြင်းနှင့် စနစ်တကျစိုက်ပျိုးမှု မရှိခြင်းများကို လယ်ယာမြေဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ (၁၀)ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရာသီအလိုက်စိုက်ပျိုးသီးနှံများ စိုက်ဧက ပြည့်ဝစွာစိုက်ပျိုးနိုင်ရေး ကြီးကြပ် လုပ်ဆောင်ရန်၊ မိုးစပါးရိတ်သိမ်းသည့် ရာသီဖြစ်၍ ရိတ်သိမ်းပြီး မိုးစပါးများ အမိုးအကာအောက် အမြန်ဆုံး ရောက်ရှိစေရေး၊ ရိတ်သိမ်းချိန်တွင် အလေအလွင့် မရှိစေရေး အသိပညာပေးရန်လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းအနေဖြင့် မိုးစပါး တစ်ဧကတင်း (၁၀၀)၊ နွေစပါး တစ်ဧကတင်း (၁၁၀) ထွက်ရှိနိုင်ရေး အောင်မြင်အောင် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ပြီး သတ်မှတ်သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်း ရရှိအောင် လုပ်ဆောင်ရန်လည်း ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

ထို့နောက် ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်​ဆွေး​နွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here