မန္တလေးတွင် ညမထွက်ရအမိန့်ထုတ်ကာ ပေါ်တာဆွဲမှုများရှိနေသည်ဟု လူမှုကွန်ရက်ပေါ် ပို့စ်တင်သူ (၂) ဦးကို ဖမ်းဆီး အရေးယူထား

0
301

မန္တလေးမြို့တွင် ည (၈) နာရီမှစတင်ကာ ညမထွက်ရအမိန့် ထုတ်ထားပြီး ပေါ်တာဆွဲလူစုဆောင်းနေသည်ဟု လူမှုကွန်ရက်ပေါ် ပို့စ်တင်သူ (၂) ဦးကို အများပြည်သူ အထိတ်တလန့်ဖြစ်စေသည်ဟုဆိုကာ ဖမ်းဆီးအရေးယူထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

လတ်တလော ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများကြောင့် မန္တလေးမြို့တွင် ညမထွက်ရအမိန့် ပြန်လည် ထုတ်ပြန်ထားကြောင်းနှင့် ပေါ်တာဆွဲ လူ စုဆောင်းနေကြောင်း ကောလာဟလထွက်ပေါ်မှုကြောင့် မြို့ခံလူထုအကြား စိုးရိမ်နေပြီး ည (၈) နာရီခန့်မှ စ၍ မြို့အတွင်း လူသွားလူလာ နည်းပါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးမြို့တွင် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမှုနေမှုများ မရှိတော့ကြောင်း စိစစ်တွေရှိရသဖြင့် ညမထွက်ရအမိန့်ကို ပြန်လည် ရုပ်သိမ်းထားပြီး ညဘက်ပေါ်တာဆွဲခြင်း လူစုဆောင်းခြင်း မရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများမှ လော်စပီကာဖြင့် လိုက်လံအသိပေး ကြေညာနေကြောင်း ဒေသခံများထံက သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင်
၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁) ရက်က စတင်၍ ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်းကြောင်းကို အောက်တိုဘာ (၂၇)ရက်က အသိပေး ကြေညာခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူးနှင့် မိုးကုတ်မြို့ နယ်တို့မှလွဲ၍ ကျန်မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here