မြန်မာနိုင်ငံ အတွင်း တိုက်ပွဲများကြောင့် တရုတ်နှင့်အဓိကကုန်သွယ်ရေး လမ်းကြောင်းများပိတ်ကုန်

0
184

ရန်ကုန်၊နိုဝင်ဘာ ၁၁

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ က အလစ်အငိုက် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်မြန်မာနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံသို့ မဟာဗျူဟာအရအရေးပါသော ကုန်သွယ် ရေး လမ်း ကြောင်း နှစ်ခုပိတ်သွားကာ နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်ရေးများ ရပ်တန့်စေခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် နှစ်ပတ်ကြာသည်အထိတိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရသိရပြီး ယခုထိုးစစ်ဆင်မှုများသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အဆိုးရွားဆုံးစစ်ရေးစိန်ခေါ်မှုတစ်ရပ်လည်းဖြစ်လာခဲ့သည်။

အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်သွားခြင်းသည် စျေးကွက်များတွင် ကုန်ဈေးနှုန်းကို မြင့် တက် လာစေပြီး ထိုးစစ်ကို ရင်ဆိုင် ရန် တပ်ကူပေးပို့မှုကိုလည်း အဟန့်အတားဖြစ်စေခဲ့သည်။

“တိုက်ပွဲစဖြစ်ကတည်းက ပစ္စည်းတင်ထားတဲ့ကုန်ကားဆိုတာမတွေ့ရသလောက်ပါပဲ” ဟု မူဆယ်ဒေသခံတစ်ဦးကပြောကြားခဲ့ပြီး တိုက်ပွဲမဖြစ်မီက ဆန်တစ်အိတ်လျှင် ၁၆၀,၀၀၀ ဖြစ်သော်လည်း တိုက်ပွဲကာလအတွင်း ၁၉၀,၀၀၀ အထိမြင့်တက်သွားခဲ့ကြောင်းလည်းဆိုခဲ့သည်။

AA၊ MNDAAနှင့် TNLA တို့က အောက်တိုဘာ ၂၇ ရက်တွင်စတင်ထိုးစစ်ဆင်ခဲ့ရာ မူဆယ်မှကုန်စည်များသွားလာမှုရပ်တန့်သွားခဲ့သည်။

တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့်နယ်စပ်ဖြစ်သည့် ချင်းရွှေဟော်မြို့၏ စီးပွားရေးကုန်သွယ် ရေး လုပ်ငန်း များ ကို ယာယီပိတ်ထားကြောင်းသိရသည်။

ယာယီပိတ်ထားရသည့်ချင်းရွှေဟော်နှင့်မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းများမှရငွေသည် ယခုနှစ်ဧပြီလမှ နိုဝင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏အခြားအိမ်နီးချင်းများအပါအဝင် စုစုပေါင်းကုန်သွယ်မှုရငွေ ကန်ဒေါ်လာ ၅ ဒသမ ၃၂ ဘီလျံ၏ သုံးပုံတစ်ပုံပမာဏရှိသည်ဟုလည်း ကုန်သွယ်ရေးဝန်ကြီးဌာန၏စာရင်းများအရသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here