“၀”ပြည်နယ်ရဲတပ်ဖွဲ့မှ ကိုးကန့်စစ်ဘေးရှောင်များအတွက် ယွမ် ၂၇၀,၀၀၀ ကျော် (ကျပ်သိန်း ၁၂၀၀ ကျော်) လှူဒါန်း

0
295

ကိုးကန့်ဒေသအတွင်းမှ “၀”ပြည်နယ်၊ နန့်တစ်မြို့နယ်ဘက်သို့ ဝင်ရောက်လာသည့် ထောင်နှင့်ချီသည့် စစ်ဘေးရှောင်ပြည်သူများအတွက် “၀” ပြည်နယ် ရဲတပ်ဖွဲ့မှ လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် တရုတ်ယွမ် ၂၇၀,၀၀၀ ကျော် (ကျပ်သိန်း ၁၂၀၀ ကျော်) သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လှူဒါန်းမှုမှာ “၀”ရဲ တပ်ဖွဲ့မှ အရာရှိများ၊ “၀” ရဲတပ် သားအဆင့်ထိ ပါဝင်ပြီး ရဲတပ်ဖွဲ့မိသားစုဝင်များ၏ ကူညီလှူဒါန်းမှုများလည်း ပါဝင်ကြောင်း သိရသည်။

ရှမ်းမြောက် တိုက်ပွဲများကြောင့် ထောင်ချီရှိသည့် စစ်ဘေးရှောင်ပြည်သူများ “၀”ပြည်နယ်ထဲသို့ နန့်တစ်အထူးမြို့နယ်မှတဆင့် ဝင်ရောက်ကာ လာရောက်ခိုလှုံမှုများ ရှိနေကြော င်း သိရသည်။

ထို့ပြင် မိမိနေရပ်ဆီပြန်လိုသည့် စစ်ဘေးရှောင်ပြည်သူများကို “၀”ပြည်နယ် နယ်စပ်ဂိတ်များဖြစ်ကြသည့် မိုင်းယန်းနှင့် မိုင်းပတ်ဂိတ်ထိ UWSA တပ်ဖွဲ့ တာဝန်ရှိသူများက စီစဉ် ပို့ ဆောင်ပေးလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here