လောက်ကိုင် ဆယ်တန်ဂိတ်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး (၆) ဦး ‌ေ-သဆုံးပြီး ဒဏ်ရာရသူများလည်းရှိ

0
423

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့အနီးရှိ ဆယ်တန်ဂိတ်အနီးသို့ ယနေ့ နိုဝင်ဘာ (၁၁) ရက် နေ့လယ် (၁၂) နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးသူများနှင့် ဒဏ်ရာရသူများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လောက်ကိုင်မြို့မှ ထွက်ခွာရန် တန်းစီစောင့်ဆိုင်းနေသည့် လူအုပ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြ င်းဖြစ်ပြီး ‌ေ-သဆုံးသူ (၆) ဦးအထိရှိကာ ဒဏ်ရာရသူ ဆယ်နှင့်ချီ ရှိနိုင်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

“လူအုပ်ထဲကျပြီး လူတွေထိကုန်တာ။‌ေ-သတဲ့သူက (၆) ယောက်ရှိတယ်။ ဒဏ်ရာရသူလည်းများတယ်။ (၃) ယောက်က တော့ တော်တော်လေး ထိသွားတယ်။ လူတွေလည်း အကုန်ထွက်ပြေးကုန်ကြတယ်။ တချို့က ဆိုင်ကယ်တွေ ကားတွေတောင် မယူလိုက်ရဘူး”ဟု လောက်ကိုင်မြို့အတွင်းသို့ ပြန် လည် ရောက်ရှိနေသည့် ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရှမ်းမြောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး လောက်ကိုင်မြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒေသခံများနှင့် မြို့တွင်းရှိ ရွှေ့ပြောင်းလုပ်သားများ ထောင်နှင့်ချီကာ မြို့ကို စွန့်ခွာ၍ တိမ်းရှောင်နေကြရကြောင်း သိရသည်။

လောက်ကိုင်မြို့ ဆယ်တန်ဂိတ်အနီး လမ်းတစ်လျှောက်တွင် စစ်ဘေး‌ရှောင်ရန် ထွက်ခွာလာရင်း ပိတ်မိနေသူ (၅၀၀၀) နီး ပါးအထိရှိနေပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အားလုံးနီးပါး မြို့ထဲသို့ ပြန်ပြေးလာခဲ့ကြရကြောင်းလည်း သိရသည်။

လက်ရှိတွင် လောက်ကိုင်မြို့ထဲသို့ ပြန်လည် ဝင်ရောက်လာကြသော်လည်း စားနပ်ရိက္ခာ မရှိသည့်အတွက် စားဝတ်နေရေး အခက်ခဲများကြုံတွေ့နေရပြီး လောက်ကိုင်မြို့ ပတ်ဝန်း ကျင်တွင်လည်း ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here