ဗိုလ်တစ်ထောင်မြို့နယ် (၄) ထပ် အဆောက်အဦတွင် မီးလောင်မှုဖြစ်ပွား အမျိုးသား(၈)ဦး၊ အမျိုးသမီး(၄)ဦးကို ကယ်ထုတ်ခဲ့ရ

0
259

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး၊ ၆ ရပ်ကွက်၊လူနေအိမ် (၄) ထပ် အဆောက်အဦတွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၄)ဦးကို ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး၊ ၆ ရပ်ကွက်၊ လူနေ (၄) ထပ် အဆောက်အဦတွင် နိုဝင်ဘာ (၁၂)ရက် နံနက် (၆)နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့မှ level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ငြှိမ်းသတ်ရာ နံနက် (၆)နာရီ (၅၉)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၇)နာရီ (၁၇)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦအတွင်းရှိ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၄)ဦးကို ကယ်ထုတ်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ပိတ်မိ ထိခိုက်နေသော လူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ် အကြောင်းရင်း အသေးစိတ်နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo Credit _ Wai Yan Naing၊
ကရုဏာကမ်းလက်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here