UFC မှာ နိုင်ပွဲထပ်ရလိုက်တဲ့ ဂျော့ရှူဝါဗန်

0
285

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်ဟာ ဒီကနေ့ နိုဝင်ဘာ (၁၂) ရက် နံနက်အစောပိုင်းက ကျင်းပတဲ့ UFC 295 ပြိုင်ပွဲကြီးမှာ ပြိုင်ဘက် ပီရူးနိုင်ငံသားကယ်ဗင် ဘော့ဂျာကို အမှတ်နဲ့ အနိုင်ရရှိသွားပါတယ်။

ဒီပွဲဟာ UFC မှာ ကစားတဲ့ သူ့ရဲ့ ဒုတိယမြောက်ပွဲဖြစ်သလို ဒုတိယမြောက် အနိုင်ပွဲလည်း ဖြစ်ပါတယ် ။

ပထမအချီမှာ ပြိုင်ဘက် ကယ်ဗင် ဘော့ဂျာရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပေမယ့် ဒုတိယအချီကစပြီး ပြိုင်ဘက်ကို အသာစီးနဲ့ တိုက်စစ်ဆင်နိုင်ခဲ့လို့ ပွဲအပြီးမှာတော့ အမှတ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျော့ရှူဝါဗန်ဟာ UFC မှာ (၂) ပွဲထိုး (၂) ပွဲနိုင် ရရှိထားတဲ့ မြန်မာပြည်ဘွား ချင်းတိုင်းသား တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါတယ်။

ဒီကနေ့မှာ သူ့ရဲ့ ချင်းညီနောင်တစ်ဦးဖြစ်တဲ့ MMA ဖိုက်တာ ထီရယ်ထန်ရဲ့ ချန်ပီယံလုမယ့် ပွဲစဉ်လည်း ရှိနေတာပဲဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here