မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းပေါ် သွားလာနေသူ စိတ်ဝေဒနာရှင် အမျိုးသမီး တစ်ဦးအား အငှားယာဉ်က ဝင်ရောက်တိုက်မိရာမှ ‌ေ-သဆုံး

0
328

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ဝါယာလက်အနီး အငှားယာဉ်တစ်စီးမှ လမ်းပေါ်သွားလာနေသူ အမျိုးသမီး တစ်ဦးအား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားရာ အတိုက်ခံရသူ အမျိုးသမီး ‌ေ-သဆုံးခဲ့ရကြောင်း ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ဝါယာလက်အနီး နိုဝင်ဘာ (၁၂)ရက် နံနက် (၇)နာရီခွဲအချိန်ခန့်က ပြည်လမ်းပေါ် သွားလာနေသူ စိတ်ဝေဒနာရှင် အမည်မသိ အမျိုးသမီး တစ်ဦးကို အငှားယာဉ် တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

“မင်္ဂလာဒုံမြို့နယ် ပြည်လမ်း လမ်းပေါ်သွားလာနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသမီး အမည်မသိကို ကားတိုက်ပြီး ကားအောက်လူရောက်နေတဲ့အတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးကူညီခဲ့ပါတယ်။”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့က ဆိုသည်။

ထိုသို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အတိုက်ခံရသူ စိတ်ဝေဒနာရှင် အမျိုးသမီးမှာ ‌ေ-သဆုံးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here