မန္တလေးမြို့ ရေတံခွန်တောင်ဂေါက်ကွင်းသွားသည့် လမ်းတွင် အိုးဝေမောင်းနှင်သူ လည်ပင်းကို ဓ-ါးဖြင့်ထိုး လုယက်သူကို ရပ်ကွက်နေသူများ ဝိုင်းဝန်းဖမ်းဆီး

0
1692

မန္တလေးမြို့ ရေတံခွန်တောင်ဂေါက်ကွင်းသွားသည့် လမ်းဘက်တွင် အိုးဝေမောင်းနှင်သူ၏ လည်ပင်းကို ဓ-ါးဖြင့် ထိုးပြီး လုယက်သူကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြကြောင်း မွန်မြတ်စိတ်ထားပရဟိတအသင်းမှ သိရသည်။

မန္တလေးမြို့ ရေတံခွန်တောင်ဂေါက်ကွင်းသွားသည့် လမ်းတွင် နိုဝင်ဘာ (၁၁)ရက် ညပိုင်းက လူငယ် တစ်ဦးမှ အငှားယာဉ် မီနီအိုးဝေမောင်နှင်သူ အမျိုးသား လည်ပင်းကို ဓ-ါးဖြင့် ထိုးပြီး လုယက်မှုကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“လူလည်းမိပါတယ်။ အိုးဝေလည်းပြန်ရပါပီ။ လူငယ်ပိုင်းပဲရှိပါသေးတယ်။ ဝိုင်းဝန်းဖမ်းပေးကြတဲ့ ရပ်ကွက်နေသူများကို ကျေးဇူးတင်ရှိပါတယ်။ ဓ-ါးထိုးခံရတဲ့ လူနာကို ဆေးရုံသို့ အချိန်မှီအောင်ပို့ဆောင်ပေးကြတဲ့ မွန်မြတ်စိတ်ထားပရဟိတအသင်းက အသင်းသူ အသင်းသား အားလုံးကို မိသားစု ကိုယ်စား ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ လည်ပင်းကို ဓ-ါးနှင့် အထိုးခံရသည့် အိုးဝေမောင်းသမားကို ဆေးရုံသို့ မွန်မြတ်စိတ်ထားပရဟိတ အသင်းမှ အချိန်မှီ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး အနည်းငယ် ပြန်လည် သက်သာပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here