ယာဉ်အစီးရေ လေးသောင်းကျော် အဝါရောင်စတေကာတပ်ဆင်ပြီးထားဟုဆို

0
154

City Taxi ယာဉ်များ၏ အဝါရောင်ဘေးစတေကာတပ်ဆင်ပြီးသည့်အစီးရေလေးသောင်းကျော်အထိရှိပြီဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။

လက်ရှိအချိန်အထိ အဝါရောင်ဘေးစတေကာတပ်ဆင်ပြီးစီးသွားသည့် ယာဉ်အစီးရေလေးသောင်းကျော်အထိ ရှိပြီး ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အဝါရောင်ဘေးစတေကာကပ်သည့် လုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး ယင်းကာလ ကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသည့် City Taxi ယာဉ်အစီးရေ ခြောက်သောင်းဝန်းကျင်ရှိပြီး အဝါရောင်စတေကာတပ်ဆင်ပြီးသည့်ယာဥ်လေးသောင်းကျော်ရှိကာ စတစ်ကာမတပ်ရသေးသည့်ယာဉ်အစီးရေ နှစ်သောင်းကျော်ကျန်ရှိနေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here