မလေးရှားတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည်ဟု လိမ်ညာသူများကို သတိထားရန် မြန်မာသံရုံးသတိပေး

0
277

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်ပေးမည်ဟု လိမ်ညာသူများရှိနေသည့်အတွက် သတိထားကြရန် မြန်မာသံရုံးမှ သတိပေးချက်ထုတ်ပြန်ထားသည်။

နိုင်ငံကူး လက်မှတ်သက်တမ်းတိုးခြင်းနှင့် အသစ်ပြန်လည်လျှောက်ထားခြင်း ကိစ္စရပ်များအတွက် ဝန်ဆောင်မှုပေးမည်ဟုဆိုကာ လိမ်ညာနေသူများကို စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများကို လိမ်လည်အမြတ်ထုတ်လိုသူများက လူမှုကွန်ရက်စာမျက်နှာ(Facebook)နှင့် Tiktok များတွင် မြန်မာသံရုံး၏ အမည်ကို အသုံးပြု၍ ဆောင်ရွက်ပေးသည်ဟုဆိုကာ မမှန်ကန်သည့်ရေးသား/ပြောကြားချက်များအား ဖြန့်ဝေနေသည်ကို တွေ့ရှိရအောင် ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် ကိစ္စရပ်များသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ နောက်ဆက်တွဲပြဿနာများအား မြန်မာသံရုံးအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့တင်ထားသည့် QR Code ရက်ချိန်းအခြေအနေ စုံစမ်းမေးမြန်ရန် www.mekl.org သို့ ဝင်ရောက်စစ်ဆေးကြရန်လိုအပ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here