ကွမ်းလုံအပါအဝင် ရှမ်းမြောက်ရှိ မြို့နယ် (၈) ခုကို စစ်အုပ်ချုပ်ရေး ကြေညာ

0
224

မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် (၈) ခုကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်ကို ယနေ့ နိုဝင်ဘာ (၁၂) ရက်တွင် နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ မြို့နယ်များမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်များဖြစ်ကြောင်း နစက၏ အမိန့်ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအမိန့်ထုတ်ပြန်ချက်၏ အဆိုအရ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူးအား ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ မြို့နယ်တို့အား စစ်အုပ်ချုပ်ချုပ်ရေးအာဏာကျင့်သုံးခွင့် ပြုထားပြီး လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့အား ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်) ၏ ဒေသကွပ်ကဲရေးမှူးအား စစ်အုပ်ချုပ်ရေး အာဏာကျင့် သုံးခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး အာဏာကျင့်သုံးခွင့်ပြုရခြင်းမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာ ယာရေးတို့ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ဖြစ်ကြော င်း နစက၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here