အမေရိကန် စစ်ရဟတ်ယာဉ် တစ်စင်းပျက်ကျသဖြင့် တပ်ဖွဲ့ဝင်၅ဦး ‌ေ-သဆုံး

0
240

မြေထဲပင်လယ်အရှေ့ပိုင်း လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်ငါးဦး ‌ေ-သဆုံးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လေယာဉ်ဆီ ပြန်လည်ဖြည့်တင်းခြင်းပြုလုပ်နေစဉ်အတွင်း ရဟတ်ယာဉ်ပျက်ကျချိန်တွင် ယာဉ်ပေါ်ပါ တပ်ဖွဲ့ဝင် ငါးဦးစလုံး ‌ေ-သဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်၏ဥရောပကွပ်ကဲမှုအဖွဲ့က ပြောကြားခဲ့သည်။

ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း စနေနေ့တွင် ပထမဆုံး ကြေညာခဲ့ပြီး မည်သို့သော တိုက်ခိုက်မှုမျှခံရသည့် အရိပ်အယောင် မတွေ့ရကြောင်း သိရသည်။ အနီးနားရှိ အမေရိကန် စစ်လေယာဉ်များနှင့် သင်္ဘောများ အပါအဝင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကြိုးပမ်းမှုများကို ချက်ချင်း စတင်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် က “စနေနေ့မနက်အစောပိုင်းက မြေထဲပင်လယ်မှာ လေကြောင်း လေ့ကျင့်ရေးမတော်တဆမှုတစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်ငါးဦး ဆုံးရှုံးခဲ့ရမှုအတွက် ဝမ်းနည်းကြေကွဲဝမ်းနည်းမိပါတယ်” ဟု ကြေညာသည်။

“ကျွန်တော်တို့နိုင်ငံကြီးကို ကာကွယ်တဲ့ ရဲရင့်တဲ့ အမျိုးသား၊ အမျိုးသမီး တွေဟာ ကျွန်တော်တို့နိုင်ငံကို လုံခြုံအောင်လုပ်ဖို့ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ အသက်ကို သေမင်းဆီအပ်နှင်းထားကြပြီးသားဆိုတာကို အခုဖြစ်ရပ်က ထင်ရှားစွာ သတိပေး ပြသနေတာပါပဲ” ဟုလည်း သူကဖြည့်စွက်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here