အိန္ဒိယ၌ ဆောက်လက်စဥမင်လိုဏ်ခေါင်းပြိုကျသဖြင့် ဆောက်လုပ်ရေးလုပ်သား ၄၀ ထက်မနည်း‌ပိတ်မိ

0
255

နူးဒေလီ၊နိုဝင်ဘာ ၁၂

အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ ဆောက်လက်စ ဥမင်လိုဏ်ခေါင်းပြိုကျသဖြင့် ဆောက်လုပ်ရေးလုပ်သား ၄၀ ထက်မနည်းပိတ်မိနေကြောင်းသိရသည်။ ပစ္စည်းအပျက်အစီးများအောက်တွင်လည်းပိတ်မိနေနိုင်သဖြင့် ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များလုပ်ဆောင်နေကြသည်။

အစိုးရကယ်ဆယ်ရေးအဖွဲ့များမှထုတ်ပြန်သောဓာတ်ပုံများ၌မူ ကြီးမားသောလိုဏ်ခေါင်းထဲ၌ ကွန်ကရစ်တုံးများဖြင့်ပိတ်နေကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အတတ်နိုင်ဆုံးမြန်မြန်လုပ်ဆောင်နေရသည်ဟုဆိုခဲ့သည်။

“အခုပိတ်မိနေတဲ့အလုပ်သမားတွေကို ဘေးကင်းကင်းနဲ့ အချိန်မှီပြန်ကယ်ထုတ်နိုင်ဖို့ ဘုရားမှာဆုတောင်းရမှာပါပဲ” ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ပိတ်မိနေသူများအားကယ်နိုင်ရန်အတတ်နိုင်ဆုံးကြိုးစားနေသည်ကိုသိစေလိုသဖြင့် ပိတ်မိနေသူအလုပ်သမားများထံဆက်သွယ်ထားသော်လည်း အထဲမှပြန်ဆက်သွယ်လာခြင်းမရှိသေးကြောင်းပြောကြားခဲ့သည်။

အဆိုပါဥမင်လိုဏ်ခေါင်းသည် ဝန်ကြီးချုပ်မိုဒီ၏ Char Dham လမ်းပရောဂျက်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံတွင်းအကျော်ကြားဆုံး ဟိန္ဒူဘုရားကျောင်းများအပါအဝင် တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသောဒေသအချို့အတွက် ချိတ်ဆက်မှုတိုးတက်စေရန် ရည်ရွယ်သောပရောဂျက်တစ်ခုလည်းဖြစ်‌ကြောင်းသိရသည်။

ကြီးမားသောအခြေခံအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများအတွင်း မတော်တဆဖြစ်ရပ်များသည် အိန္ဒိယ၌မကြာခဏ‌ဖြစ်လေ့ရှိသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here