မိတ္ထီလာ – တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် (၅၂၅)အနီးတွင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်မောင်း အမျိုးသား ထိခိုက်ဒဏ်ရာရ

0
109

ရှမ်းပြည်နယ်၊ (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အမှတ်(၂) မိတ္ထီလာ – တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၅၂၅)အနီးတွင် Hiace အဖြူရောင်ယာဉ် ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ယာဉ်မောင်း အမျိုးသား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ (၁၂) ရက်၊ ည (၈)နာရီ (၄၀)မိနစ်အချိန်ခန့်က ယာဉ်မောင်းအပါဝင် လူ (၁၈) ဦး လိုက်ပါလာသော Hiace အဖြူရောင်ယာဉ် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု သတင်းအရ မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် Hiace ယာဉ်ပေါ်ပါ အမျိုးသား(၁၇) ဦး၊ အမျိုးသမီး (၁)ဦးအနက် ယာဉ်မောင်း အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား စေတနာရှင်ပရဟိတလူမှုကူညီရေးအသင်းယာဉ်ဖြင့် မိုင်းပျဉ်း(၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here