သိမ်ဖြူလမ်း မီးလောင်မှုမှာ လှေကားခွင်ရှိ လျှပ်စစ်မီတာအထွက်မှ ဝန်အားပိုမိုသုံးစွဲခြင်းကြောင့် မီးပွားကျ၍ မီးစတင်လောင်ကျွမ်းရခြင်းဟုဆို

0
278

ရန်ုကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း မီးလောင်မှုမှာ လှေကားခွင်ရှိ လျှပ်စစ်မီတာအထွက်မှ ဝန်အားပိုမိုသုံးစွဲခြင်းကြောင့် မီးပွားကျ၍ မီးစတင်လောင်ကျွမ်းရခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ စုံစမ်းစစ်ဆေး အတည်ပြုချက်အရ သိရသည်။

အဆိုပါ တိုက်ခန်း ၄ ခန်းပါ အဆောက်အဦမှာ နိုဝင်ဘာ (၁၂)ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တိုက်ခန်းနေထိုင်သူများထဲမှ (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁) ဦးမှ စိုးရိမ်ရကြောင်း လင်းလက်လူမှုကူညီရေး အသင်းမှ သိရသည်။

ဗိုလ်တစ်ထောင်မြို့နယ်ရှိ လူနေ (၄) ထပ် အဆောက်အဦမှာ နိုဝင်ဘာ (၁၂)ရက် နံနက် (၆)နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နံနက် (၆)နာရီ (၅၉)မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး (၇)နာရီ (၁၇)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here