ပြီးခဲ့သည့်လအတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၆၀၀၀ ကျော်တင်ပို့နိုင်ပြီး ကန်‌ဒေါ်လာ ၁ သန်းခွဲကျော်ရရှိ

0
191

ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်နှင့် ထိုင်းသို့ နယ်စပ်လမ်းကြောင်းမှတဆင့် မြန်မာ့ပြောင်းတန်ချိန် ခြောက်ထောင်ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တရုတ် – မြန်မာ နယ်စပ်မှ ပြောင်းတန်ချိန် ၅၉၂၀ တန် နှင့် ထိုင်းနယ်စပ်မှ ပြောင်းတန်ချိန် ၉၆ တန် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၆၁၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပမာဏသည် စက်တင်ဘာလအတွင်း တင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၄၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးသည့် ပြောင်းများကို မကြာခင် တရုတ်နိုင်ငံသို့ တင်ပို့ရမည်ဖြစ်သော်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်နေသည့်အတွက် အခက်အခဲများရှိနေကြောင်းလည်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းလျော့ကျခဲ့ကြောင်းလည်း သိရသည်။

မြန်မာ့ပြောင်းကို ပြည်ပတင်ပို့မှုအပြင် မန္တလေးမြို့နှင့်ရန်ကုန်မြို့ရှိ အစာစပ်စက်ရုံများ၊ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများကလည်း ဝယ်ယူမှုများ ရှိကြောင်း သိရသည်။

ပြည်ပတင်ပို့မှု အနေဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် တင်ပို့ပြီး ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နှင့်အာဖရိကသို့ တင်ပို့ကြောင်း ပြောင်းလုပ်ငန်းရှင်အသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here