ရခိုင်တွင် တိုက်ပွဲဖြစ်ပွားနေ၍ ရွှေပြည်တန်အမြန်ရေယာဉ်ပြေးဆွဲမှု ယာယီရပ်နား

0
186

စစ်တွေမြို့အား အခြေပြုပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း၏ ပြေးဆွဲမှုများကို ယာယီရပ်နားထားကြောင်း အဆိုပါ ရေကြောင်းလိုင်းက အသိပေးကြေညာထားသည်။

စစ်တွေ – ကျောက်ဖြူ – ရမ်းဗြဲ – ကျောက်နီမော်- တောင်ကုတ်၊ စစ်တွေ – ရသေ့တောင် – ဘူးသီးတောင်စစ်တွေ – ပေါက်တော – မင်းပြား၊ စစ်တွေ -မြောက်ဦး ခရီးစဉ်များကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ထို့ပြင်ပြန်လည်ပြေးဆွဲမည့်ရက်အား ၎င်းတို့၏ Facebook page မှ ကြိုတင်အသိပေးကြေညာပေးသွားမည်ဖြစ်ပြီးဝယ်ယူထားသော လက်မှတ်များအား ငွေပြန်လည်ထုတ်ယူနိုင်ကြောင်းလည်း သိရသည်။

ယင်းအပြင် ဝယ်ယူထားသောလက်မှတ်ဖြင့် ခရီးစဉ်ပြန်လည်ပြေးဆွဲမည့်ရက်တွင် လိုက်ပါမည်ဆိုပါက 09449777709၊ 09750798379 ဖုန်းဆက်၍ ဖုန်းနံပါတ်များပေးထားနိုင်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်း ( မယူကမ်း)ရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့် စခန်းများကို ရက္ခိုင့်တပ်တော် (AA) က စတင်ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here